Jun 27, 2022
ကိုယ်ကလူအများကို lead လုပ်နေရတဲ့ professional တစ်ယောက်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တကယ် polite ဖြစ်ဖြစ်နဲ့ smart ကျကျပြောဆိုတတ်တယ်လို့ လက်ခံထားတယ်။ ဒါပေမဲ့ ယဉ်ကျေးတိုင်းလည်း professional ဆန်တဲ့အပြောမဟုတ်တာရှိပါတယ်။ Professional ဆန်တယ်လို့ထင်ပြီး အများစုလွဲမှားပြီးပြောနေတတ်ကြတဲ့စကားအပြောဆို၊ အသုံးနှုန်းလေး (၃) ခုကိုဝေမျှပေးချင်ပါတယ်။
(၁) "Sorry ပါနော်"
Professional အမျိုးသမီးအများစု ပုံမှန်သုံးနှုန်းတတ်တဲ့စကားပါ။ ဥပမာ - Meeting မှာ ကိုယ်ကလုပ်ဖော်ကိုင်ဖက်ရဲ့အမြင်ကိုသဘောမတူတဲ့အခါ “Sorry နော်" ဆိုတာမျိုးနဲ့စပြီး အမြင်မတူတာကိုပြောပြတတ်ကြပါတယ်။ ဒီနေရာမှာ "sorry ပါနော်" အစား "ကြားဖြတ်သလိုဖြစ်သွားရင် sorry ပါ" "ထပ်ဖြည့်ပြောချင်တာလေးရှိလို့၊ ကျေးဇူးပါ" တို့လိုစကားမျိုးက ပိုပြီး professional ကျစေပါတယ်။ "Sorry ပါနော်" လို့ခဏခဏပြောနေတာက polite ဖြစ်စေတယ်ထင်ရပေမဲ့ အချိန်တိုင်းကိုယ်က လိုက်တောင်းပန်နေသလိုဖြစ်စေပါတယ်။
(၂) "အဲ့ဒါအရင်တုန်းကပါ"
တစ်ယောက်ယောက်က ကိုယ့်အရင်က achievement နဲ့ပတ်သက်ပြီးဂုဏ်ယူကြောင်းပြောတဲ့အခါ အားတုံ့အားနာနဲ့ လက်မခံတတ်တာမျိုးပါ။
“ဒါအရင်တုန်းကပါ၊ ကြာခဲ့ပါပြီ” ဆိုတာမျိုးနဲ့ငြင်းတတ်ကြပါတယ်။ ပြောရရင် အတိတ်မှာပြီးမြောက်အောင်မြင်ခဲ့တဲ့အရာတွေကို အတိတ်ရဲ့အောင်မြင်မှုအဖြစ်သာ သိမ်းထားလိုက်တာပါဆိုတာမျိုးရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ထဲမှာ ဒီလိုအရင်ကကိုယ့်ရဲ့ achievement တွေကို ပြန်ပြန်ပြောနေတာက ကြွားရာရောက်တယ်။ ပြန်မပြောချင်ဘူးဆိုတာမျိုး ရှိတတ်ကြပါတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာမှာ expired မရှိပါဘူး။ ကိုယ်ရဲ့အလားအလာကောင်းတွေကို “ကြာပြီ” ဆိုတဲ့စကားမျိုးနဲ့ ပိတ်ပင်လိုက်သလိုမျိုးပြောတာ smart မကျစေပါဘူး။
(၃) "Sorry ပါ၊ ဘာလို့လဲဆိုတော့..."
အလုပ်မှာ တစ်ခုခုကိုငြင်းဆန်တဲ့အခါမှာ ဒါမျိုးပြောမိတတ်လေ့ရှိကြပါတယ်။ ဥပမာ - အထက်လူကြီးက သူနဲ့ပွဲတစ်ခုတက်ဖို့ခေါ်တယ်။ ဒါပေမဲ့ ကိုယ့် schedule က လုံးဝဖျက်မရတာကြောင့်လိုက်မတက်နိုင်ဘူး။ အဲ့အခါမှာ အများစုပြောမိတတ်တာက - "ကျွန်မတကယ်ပဲ အတူလိုက်တက်ချင်ပါတယ်။ ဒီလိုဖိတ်ခေါ်ပေးလို့လည်း ထပ်ပြီးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မအမေနဲ့ညစာအတူစားဖို့လုပ်ထားတာမို့ ဖျက်မရလို့ပါ။ တကယ်ကိုတောင်းပန်ပါတယ်နော်။ နောက်တစ်ခါဆိုလိုက်ပါမယ်နော်" ဆိုပြီးပြောတာကလည်း ယဉ်ကျေးတယ်ထင်ရပေမဲ့ pro သိပ်မဆန်စေပါဘူး။
တကယ်က တစ်ဖက်လူကိုအားနာသမှုနဲ့ ကိုယ့်ရဲ့ privacy အားလုံးကို ချပြပြောပြနေစရာမလိုပါဘူး။ အဲ့ဒီအစား "ကံမကောင်းစွာပဲ၊ ကျွန်မမှာတခြားချိန်းထားတာရှိနေလို့ မနက်ဖြန်အဆင်မပြေပါဘူး။ ထည့်သွင်းစဉ်းစားပေးတဲ့အတွက်ဂုဏ်ယူမိပါတယ်။ နောက်ပွဲတွေမှာလည်းပါဝင်ဖို့ မျှော်လင့်နေပါတယ်။ ကျေးဇူးတင်ပါတယ်။" ဆိုတာမျိုးပြောတာက ပိုပြီးလေးနက်ပါတယ်။
နေ့စဉ်သတိမထားမိဘဲပြောနေမိတဲ့ ဒီစကားလုံးတွေက Professional Career Life ကို pro သိပ်မဆန်စေတာကိုသတိပြုဖို့ အရေးကြီးပါတယ်။ Communication ကောင်းတစ်ခုဖြစ်လာဖို့ရယ် Career တစ်ခုရဲ့ Good Leader ဖြစ်လာဖို့ဆိုရင် မှန်ကန်တဲ့စကားလုံးတွေကိုသာရွေးချယ်ရင်း ပြောဆိုတတ်ပါစေနော်။
ကဲ စာဖတ်သူတို့ရော…
ဒီစကားတွေကို အမြဲလိုပြောနေမိတတ်လား။