ခေါင်းဆောင်မှုနှင့်ဝန်ထမ်းရေးရာပြဿနာ

ခေါင်းဆောင်ဆိုတာ ပြဿနာကို တုံ့ဆိုင်းမနေဘဲ အချိန်မနှောင်းခင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ သေချာကိုင်တွယ်ဖြေရှင်းတတ်ဖို့လိုပါတယ်။

Written BY

Persona

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat nulla pariatur. Excepteur sint occaecat cupidatat non proident, sunt in culpa qui

All author's posts

Jun 29, 2022

အသင်းအဖွဲ့တစ်ဖွဲ့/အဖွဲ့အစည်းတစ်ခုခုမှာ အဆင်မပြေ အငြင်းပွားစရာပဋိပက္ခတွေက အမြဲလိုလိုရှိနေတတ်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအချင်းချင်း အဆင်မပြေတာမျိုးက အဖွဲ့အစည်းတစ်ခုရေရှည်ရှေ့ဆက်ဖို့ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီလိုအဖွဲ့အစည်းမျိုးက အောင်မြင်မှုထက်ကျရှုံးဖို့ကို ပိုပြီးဦးတည်နေတတ်ပါတယ်။ ဒါကြောင့်ဒီလိုမဖြစ်အောင် သေချာထိန်းသိမ်းဖြေရှင်းနိုင်ဖို့ ဦးဆောင်သူတွေရဲ့တာဝန်ကအများကြီးအရေးကြီးပါတယ်။ ပဋိပက္ခတွေကို သေချာမဖြေရှင်းနိုင်တဲ့အခါ လုပ်ငန်းခွင်က အဆိပ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ဖြစ်လာနိုင်ပါတယ်။

ကိုယ့်ရဲ့လက်အောက်ငယ်သားဝန်ထမ်းအချင်းချင်း အဆင်ပြေပြီးကောင်းမွန်တဲ့ဆက်ဆံရေးရှိမှသာ လုပ်ငန်းခွင်ရဲ့အရှိန်ကို သေချာထိန်းထားနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ပြဿနာကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်း (၄) သွယ်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ့်ရဲ့အတွေးမြင်တွေကိုပြောင်းကြည့်ပြီး မတူညီမှုတွေကိုတန်ဖိုးထားပါ။

ကိုယ့်ရဲ့ဝန်ထမ်းတွေမှာပြဿနာတစ်ခုခုရှိလာတဲ့အခါ အငြင်းပွားမှုတွေကိုဖြေရှင်းလိုက်နိုင်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ်ဆိုပြီး တွေးလို့မဖြစ်နိုင်ပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေရှိတာကြောင့် ဝန်ထမ်းအချင်းချင်းအမြဲတမ်းအဆင်ပြေနေမယ်လို့လည်း တစ်သမတ်တည်းမတွေးသင့်ပါဘူး။ တစ်ခါတလေလုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သားတွေအပေါ် မလေးမစားဆက်ဆံမိတာက လုပ်ငန်းခွင်အပေါ်သက်ရောက်မှုရှိပါတယ်။ သူတို့ရဲ့မတူညီတဲ့အရည်အချင်းတွေကို ကောင်းတဲ့အမြင်နဲ့ကြည့်ပေး၊ တွေးပေးတာမျိုး အပြုသဘောဆောင်တဲ့အပြောင်းအလဲမျိုးဖြစ်အောင်ဖန်တီးပြီး တန်ဖိုးထားပေးသင့်ပါတယ်။

(၂) ပြဿနာတွေကို မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရန်ကြိုးစားပါ။

‌ဖြေရှင်းဖို့လွယ်ကူတဲ့ပြဿနာတွေကို အမြန်ဆုံးအဆုံးသတ်လိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။ တချို့အချိန်တွေမှာ ပဋိပက္ခ၊ ပြဿနာတွေကို ချက်ချင်းမဖြေရှင်းဘဲ အချိန်ဆွဲခေါင်းရှောင်နေတာက ကိုယ့်ကိုပိုပြီးအခက်တွေ့စေနိုင်တဲ့အပြင် နောင်တကြီးကြီးရစေတတ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းရေးရာပြဿနာ၊ ပဋိပက္ခတွေကို  စီမံခန့်ခွဲရာမှာ အချိန်ကိုက်ဖြစ်ဖို့ကအဓိကပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတစ်ဦးက အမှားတစ်စုံတစ်ရာလုပ်ခဲ့မိတယ်ဆိုရင် အချိန်မဆွဲဘဲ ခိုင်မာတဲ့သက်သေအထောက်အထားကိုသေချာရှာဖွေပြီး တိကျစွာအရေးယူတာမျိုးလုပ်ပေးနိုင်ပါတယ်။ ဝန်ထမ်းအချင်းချင်းမသင့်မြတ်တာမျိုးဖြစ်လာခဲ့ပြီဆိုရင် သဘောထားကွဲလွဲမှုရဲ့ပြဿနာအရင်းအမြစ်ကို ချက်ချင်းနားလည်အောင်လုပ်ပြီး ဖြေရှင်းတာမျိုးကပိုပြီးအကျိုးရှိနိုင်ပါတယ်။

(၃) ဝန်ထမ်းတွေရဲ့ Capacity၊ Limit နဲ့ Boundaries တွေကို သေချာသိထားဖို့လိုအပ်ပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ့်ဝန်ထမ်းတွေရဲ့သည်းခံနိုင်မှုအတိုင်းတာ limit၊ သူတို့ရဲ့ boundaries တွေကိုမသိရင် ပဋိပက္ခ၊ ပြဿနာတွေက ထင်ထားတာထက်ပိုပြီးဖြေရှင်းရခက်တတ်ပါတယ်။ လူတိုင်းကပြဿနာကို ကိုယ့်နည်းကိုယ်ဟန်နဲ့ဖြေရှင်းတတ်ကြပါတယ်။ အဲ့လိုဖြေရှင်းတဲ့အခါ ကောင်းတဲ့ဖြေရှင်းနည်းနဲ့ နည်းမှန်လမ်းမှန်ဖြေရှင်းတတ်ကြသလို တစ်ချို့ကနည်းလမ်းမှားတွေကိုအလွယ်နည်းအဖြစ်သုံးပြီး ဖြေရှင်းမိတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့အလုပ်လုပ်နိုင်စွမ်း၊ ကန့်သတ်ချက် (Limit) တွေ၊ သူတို့ရဲ့စွန့်စားမှုတွေနဲ့ Boundaries ကို သေချာသိထားဖို့လာပါတယ်။ အဲ့လိုမှသာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြဿနာ‌တွေပါဝင်ဖြေရှင်းရတဲ့အခါ တစ်ဦးစီရဲ့စွမ်းဆောင်နိုင်မှုကိုသေချာသိမြင်ပြီး နည်းလမ်းမှန်မှန်နဲ့ဂရုစိုက်အကဲဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

(၄) ခက်ခဲပြီးတင်းမာတဲ့အခြေနေတွေကို ရဲဝံ့စွာရင်ဆိုင်လိုက်ပါ။

ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအများကြီးရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ် သေချာနားလည်နိုင်ပြီး အားလုံးထက် အနစ်နာခံ၊ သည်းခံနိုင်ရပါတယ်။ တစ်ခါတလေမှာ ဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝပေးဖို့မတတ်နိုင်တဲ့လူအများစုက နောက်လိုက်ကောင်းဖြစ်ဖို့ကိုပဲ ပိုပြီးရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာ လူအများမကြိုက်တဲ့အရာတွေ၊ မလုပ်နိုင်တဲ့အရာတွေကို လုပ်ရတာပိုပြီးများပါတယ်။ ပဋိပက္ခ၊ ပြဿနာဖြေရှင်းရတာကလည်း ဒီအရာတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ခက်ခဲနေတဲ့ပြဿနာတွေ၊ တင်းမာနေတဲ့အခြေနေတွေကို ရဲရဲဝံ့ဝံထိပ်တိုက်ရင်ဆိုင်နိုင်မှ ခေါင်းဆောင်ပီသနိုင်မှာပဲဖြစ်ပါတယ်။

ခေါင်းဆောင်မှုဆိုတာ ဝန်ထမ်းတွေရဲ့ပြဿနာတွေကို အချိန်မနှောင်းခင် သေချာကိုင်တွယ်ဖြေရှင်း၊ ရင်ဆိုင်နိုင်တာမျိုးပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့အငြင်းပွားစရာ ပြဿနာတွေကိုဖြေရှင်းရတဲ့အခါမျိုးမှာလည်း တုံ့ဆိုင်းမနေတတ်ဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အမြန်ဆုံးချမှတ်ပေးနိုင်ရပါမယ်။ ဒီလိုမဟုတ်ဘဲ အချိန်ဆွဲခေါင်းရှောင်နေတာမျိုးဆိုရင်တော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုံလောက်တဲ့အရည်ချင်း၊ ရင့်ကျက်မှုမရှိဘူးလို့ တခြားသူတွေကမှတ်ယူသွားနိုင်ပါတယ်။ ဒီလိုဆို ကိုယ့်ရဲ့ဂုဏ်သတင်းကိုထိခိုက်စေနိုင်ပြီး အုပ်ချုပ်မှုပိုင်းမှာပိုအခက်တွေ့စေနိုင်တာမျိုးတွေ ကြုံတွေ့လာတတ်ပါတယ်။ အထိရောက်ဆုံးခေါင်းဆောင်ဖြစ်ဖို့ အခက်ခဲ ပြဿနာ၊ တင်းမာမှုတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အပေါ်မှာပြောပြသွားတဲ့နည်းလမ်းလေးတွေက အထောက်ကူဖြစ်မယ်လို့မျှော်လင့်မိပါတယ်။

Further Reading
နွေးထွေးတဲ့လုပ်ငန်းခွင်လေး တည်ဆောက်ကြရအောင်
ကိုယ့်ရဲ့အဖွဲ့ဟာ တက်ကြွပျော်ရွှင်စွာနဲ့အလုပ်ပြီးမြောက်စေဖို့ဆိုရင် လုပ်ငန်းခွင်နွေးထွေးမှုရှိဖို့အတွက် ဦးဆောင်သူ Leader တွေက ဂရုစိုက်ပေးရပါမယ်။
Jun 21, 2022
Professional အမျိုးသမီးတို့ သတိမထာမိဘဲပြောနေမိတဲ့ စကား ၃ ခွန်း
နေ့စဉ်သတိမထားမိဘဲပြောနေမိတဲ့ ဒီစကားလုံးတွေက Professional Career Life ကို pro သိပ်မဆန်စေတာကိုသတိပြုဖို့ အရေးကြီးပါတယ်။
Jun 27, 2022