Reclaim Your Freedom

ကျွန်မအနေနဲ့ ကိုယ်တိုင်လမ်းပျောက်ခဲ့ရတာတွေ၊ ကိုယ်ရဲ့ potential တွေအစား တစ်ပါးသူရဲ့ပြောဆိုမှု၊ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ဘဝကိုအပြည့်အဝလွတ်လပ်စွာမနေခဲ့ရတာကို သင်တန်းတွေ၊ coaching တွေယူမှ ပြန်လည်ရရှိခဲ့တယ်။ အဲ့အတွက်ကြောင့် လူအများကိုကူညီပေးဖို့ coach စလုပ်ဖြစ်ခဲ့တယ်။

Coach စလုပ်ဖြစ်တဲ့အချိန်မှာ one on one coaching တွေ၊ လက်လှမ်းမီသလောက်ကူညီမှုတွေလုပ်ခဲ့ရာ clients တွေရဲ့ သိသိသာသာပြောင်းလဲမှုတွေကိုတွေ့မြင်ရတယ်။ Clients တစ်ဦးစီမှာ အခြေအနေဆိုးတွေဘယ်လောက်ပဲကြုံကြုံ ခွန်အားအပြည့်နဲ့ရှေ့ဆက်သွားတာတွေ၊ တိုးတက်လာတဲ့ အခြေအနေကို မျက်မြင်တွေ့ရတာ၊ feedback လာပြောတာတွေကြောင့် ကိုယ်အနေနဲ့ပီတီဖြစ်ရပါတယ်။

တစ်ဦးချင်းစီတောင် ပြောင်းလဲမှုတွေများတာကြောင့် clients တွေက သင်တန်းလေးတွေဖွင့်ပေးဖို့ တောင်းဆိုမှုတွေများလာတာကြောင့်ရယ်၊ ကျွန်မအနေနဲ့လူအများကို ကိုယ်ရဲ့အတွင်းစိတ်ရဲ့လွတ်လပ်မှု၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဖြတ်သန်းလာနိုင်အောင်ရည်ရွယ်ပြီး PERSONA Coaching and Training ရဲ့ ပထမဦးဆုံးသင်တန်းအနေနဲ့ “Reclaim Your Freedom” Program ကို ဖွင့်လှစ်ဖို့စီစဉ်လိုက်ပါတယ်။

ဒီသင်တန်းလေးက ဗဟုသုတ မျှဝေတာ (Knowledge Sharing) တစ်ခုတည်းမဟုတ်ဘဲ ကိုယ်တိုင်အတွေ့အကြုံကနေတစ်ဆင့် သင်ယူမှုတွေ (Experiential learning) တွေပါ လေ့လာရမယ့်သင်တန်းဖြစ်ပါတယ်။ ဒီလိုကိုယ့်ဘဝအတွက် ကိုယ်ရဲ့အတွေ့အကြုံ ဖြစ်ခဲ့တာတွေကို Reflect လုပ်လိုက်၊ Powerful Questions တွေဖြေရင်း Deep ဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကာ ရှေ့ဆက်လျှောက်ဖို့ Ready အဆင့်သင့်ဖြစ်ပြီလားလို့ အရင်မေးစေလိုပါတယ်။

Course Outline

ဒီ Program မှာ လေ့လာရမည့် course outline ကတော့ -

  • လူတွေသတိမပြုမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့ Story တွေနဲ့ ဒါကိုအပြောင်းအလဲလုပ်လို့ရတဲ့နည်းစနစ်
  • သံလိုက်အိမ်မြှောင်နဲ့တူတဲ့ ကိုယ့်ရဲ့ Values စစ်စစ်တွေကို ဘယ်လိုရှာဖွေမလဲ။
  • Ego state ဆိုတာဘာလဲ။ ဒါကိုဘယ်လိုအသုံးချလို့ရမလဲ။
  • Hormonal state ရဲ့အရေးပါပုံ။
  • ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း Personality
  • ကိုယ့်ရဲ့စစ်မှန်တဲ့ Life Purpose ကို ဘယ်လိုပြန်ရှာဖွေမလဲ။
  • ဘဝရဲ့ Roadmap to Freedom ကို ဘယ်လိုတည်ဆောက်မလဲ။

အစရှိတဲ့အကြောင်းအရာများနဲ့ Reclaim Your Freedom Program ကို ဖန်တီးပေးထားပါတယ်။

Course Detail

ကိုယ့်ကိုယ်ကိုယ်ရှာဖွေပြီး ကိုယ့်ရဲ့လွတ်လပ်မှုကိုပြန်လည်ရယူဖို့အဆင့်သင့်ဖြစ်ပြီဆိုလျှင် ဒီသင်တန်းကို အခုပဲ Register လုပ်ဖို့ဖိတ်ခေါ်အပ်ပါတယ်။

ပုံမှန်အားဖြင့် ဒီ Program ကို $111 (222,000 MMK) ကျသင့်ပေမယ့် အခုလိုကာလမျိုး စိတ်ဝင်စားသူတိုင်းပါဝင်နိုင်အောင် $44 (88,000 MMK) နဲ့ပေးထားပါတယ်။ ဒါ့အပြင် Bonus Offer အနေနဲ့ 22.8.2022 (22:22) PM မတိုင်မီ သင်တန်းလာအပ်သူတစ်ယောက်စီတိုင်းကို 1+1 Offer (၁ယောက် register လုပ်ရင် ၁ယောက်အခမဲ့တက်နိုင်မဲ့အခွင့်အရေး) ကို ရရှိဦးမှာဖြစ်ပါတယ်။

ဒါ့ကြောင့် Promotion မတိုင်ခင်တော့ အမြန်ဆုံးလာအပ်ဖို့လိုပါမယ်နော်။

Coach Profile

Dr. Nang Nay Nwe Phone Myint

  • Certified Chief Master Coach
  • Certified Professional Coach
  • CEO & Founder of Persona Coaching & Training

နိုင်ငံတကာအဆင့်မှီ Coaching service များ၊ သင်တန်းများပို့ချပေးနိုင်ရန်အတွက် International Certified Coach တစ်ယောက်အဖြစ်လည်းကောင်း၊ Diploma in Emotional Intelligence by NLP၊ American Board of NLP အသိအမှတ်ပြု Certified NLP trainer and Coach, Certified Hypnotherapy Master Practitioner, Timeline therapy practitioner စသဖြင့် လေ့လာဆည်းပူးခဲ့ပါသည်။

လက်ရှိတွင် ဩစတြေးလျ၊ မြန်မာ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ပညာရှင်များ Client ပေါင်း (200)ကျော်ကို Coaching hour နာရီပေါင်း (700) ကျော်အထိ one-on-one Coaching၊ Team Coaching များကိုပြုလုပ်ပေးခဲ့ပြီး စီးပွားရေး၊ လူမှုရေးတို့တွင် မျှော်မှန်းထားသောရလဒ်ကောင်းများရအောင် Coaching ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

2022 March လမှစ၍ နိုင်ငံတကာကို Coaching, Consulting & Training services များပေးနေတဲ့ Malaysia နိုင်ငံအခြေစိုက် Global Coaching & Leadership Development Centre ITD World နဲ့အတူ စတင်လက်တွဲပြီး Asia Pacific region တွင် Executive Coaching, Team Coaching နဲ့ Corporate Trainings services များပေးလျက်ရှိသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာအသင်းအဖွဲ့များဖြစ်သော International Coaching Federation (ICF Singapore) ရဲ့ Director of Professional Development (Jan 2022 - Present) အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ Women Business Owners & Professionals SHEowner Business Mentorship တွင် Mentor (Nov 2021 - Present) တစ်ဦးအဖြစ်လည်းကောင်း အားတက်သရော ဝင်ရောက်ကူညီပေးရင်း အဆင့်မြင့်ပညာရေးနှင့်လက်လှမ်းမမှီသောလူငယ်များ၏ပညာရေးကိုလည်း ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ “Scholarship for Myanmar Youth Leaders” SMYL အဖွဲ့အစည်းကို Co-founder အဖြစ်ဖွဲ့စည်းခဲ့ပြီး ပညာသင်ဆုများပေးအပ်လျက်ရှိပါသည်။

ဒေါက်တာနန်းနေနွယ်ဖုန်းမြင့်သည် မိမိဘဝကို မိမိဆန္ဒရှိသလို ဖန်တီးတီထွင်ပြောင်းလဲနိုင်စွမ်းရှိမှုအပေါ်တွင် သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပြီး မိမိကိုယ်တိုင်လည်း စဉ်ဆက်မပြတ် Applied Psychology, Emotional Intelligence, Neuroscience, Human Mindset and Behavior များ၏ ဆက်နွှယ်မှုကိုလေ့လာနေရင်း လူမှုကွန်ရက် Facebook တွင် “Dr. Nang” page မှ တတ်သိထားသောပညာများကို မျှဝေပေးလျှက်ရှိပါသည်။

FAQs

၁။ Course ကိုဘယ်လိုသင်ကြားမှာလဲ။
Zoom application မှတစ်ဆင့် ၄ရက်တာပို့ချသင်ကြားပေးမည်ဖြစ်ပြီး တစ်ရက်လျှင် သင်တန်းချိန် ၂ နာရီ ကြာမြင့်ပါမည်။

၂။ ဘယ်ဘာသာစကားနဲ့သင်ကြားမှာလဲ။
မြန်မာဘာသာနဲ့သင်ကြားမှာဖြစ်ပါတယ်။

၃။ ဘယ်လိုလူမျိုးတွေတက်သင့်လဲ။
▪ ကိုယ့်ကိုယ်ကိုယ်‌အပြောင်းအလဲ “အမှန်တကယ်” လုပ်ချင်သူတွေ
▪ ကိုယ်ရဲ့အိမ်မက်တွေကိုပြန်လည်တူးဖော်ချင်သူတွေ
▪ အလုပ်ခွင်၊လုပ်ငန်းမှာပိုမိုအောင်မြင်ချင်သူတွေ
▪ မိသားစု၊ အချစ်ရေးမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်သူတွေအနေနဲ့ တက်ရောက်သင့်တဲ့သင်တန်းလေးဖြစ်ပါတယ်။

၄။ အကယ်၍ အတန်းမတက်ဖြစ်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ။
ကိုယ်ရေးကိုယ်တာကိစ္စများနဲ့ WIFI ကိစ္စများကြောင့် အတန်းမလာနိုင်ခဲ့ရင် ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် Attendance 100% ရအောင်တော့ကြိုးစားနေ‌‌စေချင်ပါတယ်။ မလာနိုင်ခဲ့ရင်လည်း ကြိုတင်ပြီးခွင့်တိုင်စေချင်ပါတယ်။ အတန်းပျက်သွားရင်လည်းစိတ်မပူပါနဲ့။ Record video တွေကို အတန်းပြီးပြီးချင်း ၁ ပတ်အတွင်းပြန်ကြည့်လို့ရပါတယ်။

၅။ သင်တန်းကြေးဘယ်လိုသွင်းရမလဲ။
Form မှာစာရင်းသွင်းပြီးနောက် ဖော်ပြထားသော Bank account များသို့ ငွေလွှဲပါ။ အဆင်ပြေသောဘဏ်တစ်ခုသို့ သင်တန်းကြေးပေးသွင်းပြီးလျှင် transaction number ပါတဲ့ ငွေလွှဲပြေစာ (သို့) screenshot ကိုပါ တစ်ပါတည်း registration form တွင်ပူးတွဲပေးရပါမည်။ သင်တန်း enroll လုပ်ပြီးပါက Course Program Executive မှ email ဖြင့် အကြောင်းကြားပေးမည်ဖြစ်ပါသည်။

Course Registration